လိပ်သိုတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး(Talk Show) ဆွေးနွေးပွဲပြုလုပ်

လိပ်သို​  မေ  ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် ယနေ့မွန်းလွဲပိုင်း ၁ နာရီအချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာ့စာတိုက်လုပ်ငန်း၊ လိပ်သိုမြို့တာဝန်ခံ နော်ဘွယ်ဂေဖောနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (ရုပ်/သံ-၃)စောဝေါ်ကွောထူးတို့က လူကုန်ကူးမှုဖြစ်ပေါ်လာပုံ၊ လူကုန်ကူးခံရနိုင်သောအခြေအနေ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းဗျူဟာ(၄)ရပ်နှင့် လူကုန်ကူးမှုခံရသူကိုအကူအညီပေးရမည့် လိုအပ်ချက်များကို Online မှ တစ်ဆင့် အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စောဝေါ်ကွောထူး