ကျောက်တံခါး မေ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျောက်တံခါးမြို့၊ ရုံးပေါင်းစုံလမ်းရှိ မြို့နယ်အားကစားခန်းမတွင် တောင်သူများအား စတင်ထုတ်ချေးပေးခဲ့သည်။
ထိုသို့ထုတ်ချေးပေးရာတွင် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ရှမ်းဒိုးတန်းကျေးရွာအုပ်စုမှ တောင်သူ(၁၅၈)ဦး၊ စိုက်ဧက(၁၀၅၉)ဧကအတွက် တစ်ဧကလျှင်တစ်သိန်းခွဲကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၅၈,၈၅၀,၀၀၀/- တိတိအား တောင်သူများလက်ဝယ်အရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်ဘဏ်ခွဲအနေဖြင့် ယခင်နှစ်မိုးချေးငွေနှင့်ကြွေးဟောင်းကြွေးကျန်များ ဆပ်ပြီးသူများကိုသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ချေးငွေပေးဆပ်ရန်ကျန်သည့်တောင်သူများအနေဖြင့် အမြန်ဆုံးပေးဆပ်ပါက ကြန့်ကြာမှုမရှိစေဘဲ အမြန်ဆုံးပြန်လည်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊
မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကာလမှာ မေလမှစက်တင်ဘာလကုန်ထိ တောင်သူများအားထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် မန်နေဂျာ ဦးနိုင်ဝင်းထံမှ သိရသည်။
စန်းစန်း (ပြန်/ဆက်)