ကျိုက်ဒုံ မေ ၁၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၁၀ နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း( Book Club) အဖွဲ့များမှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူးဦးကျော်လင်းနိုင်က စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ် ချက်များ ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပညာပါရဂူ) ရေးသားထားသော ''ကလေးကိုချစ်ရင် မခြောက်ပါနဲ့'' စာအုပ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့မှ ဒေါ်ယုမေမောင်က ကလေးတို့၏ ခံစားချက်ကို နားထောင် အသိအမှတ်ပြုခြင်း၊ နန်းအေးအေးချိုမှ ကလေးနေရာမှ ဝင်ခံစားကြည့်ပါ စသည့်မိမိတို့ကြိုက်နှစ်သက်သော စာအုပ်ပါအကြောင်းအရာခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)