တန့်ဆည် စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်း အမည် စာရင်းများကို ထုတ်ပြန်ကြေငြာထားကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် နိုင်ဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်၍ အရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းများကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဩဂုတ်လ(၂၈) ရက်နေ့မှစ၍ ထုတ်ပြန်ကြေငြာထားကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)