သံတောင်ကြီး မေ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာခင်စောတင့်၏ ပြည့်စုံကောင်းမွန်စွာ အဆုံးသတ်ပါစာအုပ်အား ယနေ့နံနက် (၁၀) နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်ခိုင်ခင်ထက် (Book Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာတွင်ခေါင်းစဉ်ငယ်များဖြစ်သည့်အဟောင်း အသစ်သံသရာ၊ ပင်စင်စားတစ်ဦး၏ ဖြတ်သန်းခြင်းရင်တွင်းပီတိ၊ ပေါင်းသင်းဆက်ဆံရေးနယ်ပယ် ၊ယုံကြည်ချက်နှင့် ရှင်သန်နေပါ၊ ထိန်းသိမ်းစေချင်ပတ်ဝန်းကျင် စသည့်အကြောင်းအရာများ ဖတ်ကြားဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး နော်ဝင်းသီရိကျော် (Youth Club) အဖွဲ့ဝင်က ပညာတန်ဖိုးချစ်မြတ်နိုးစွာ မြက်ပင်လေး သဘာဝကိုအလှစင်ပါတယ်၊ အားလုံးအဆင်ပြေပါတယ်၊ ခေါင်းဆောင်ကောင်းနောက်သို့၊ စည်းကမ်းနှင့်အသိရှိမှသာ၊ စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဖတ်ကြားဆွေးနွေး ခဲ့ကြောင်း သိရသည်။
စောမင်းသား(ပြန်/ဆက်)