ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၁၉)နှစ်နှင့်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

ဟင်္သာတ မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၁၉)နှစ်နှင့် အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က ဟင်္သာတမြို့ ဥယျာဉ်မြောက်ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟင်္သာတခရိုင်အတွင်း ၆ မြို့နယ်တို့မှ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်း နေရာယူကြပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား အလေးပြုခြင်း၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ပြိုင်ပွဲဝင်အသင်းများအား အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစား သစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နေလင်းအောင်၊ အတွင်းရေးမှူး ခေတ္တခရရမှူး ရဲမှူး နေဝင်း၊ မြို့နယ်ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်၊ အဖွဲ့ဝင်များ ခရိုင်အား/ကာဦးစီးမှူး  ဦးကျော်သန့်နှင့် ဝန်ထမ်းများ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ခဲ့ပြီး မြန်အောင်မြို့နယ်အသင်းနှင့် ဇလွန်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။

ကိုဇော် - ဟင်္သာတ