ဓနုဖြူ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-8 သင်ရိုးသစ်မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ အ.ထ.က(၁)ဓနုဖြူ (တေဇခန်းမ)၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးလှဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းမှူး ဒုမြို့နယ်ပညာရေးမှူး ဦးမြင့်ကျော်က သင်တန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ (၃၀)ဦးမှ သင်တန်းသား ဆရာ၊ ဆရာမ (၂၈၀)ဦးအား မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ၊ စာရိတ္တနှင့် ပြည်သူ့နီတိ+ကာယပညာ စသည့် ဘာသာရပ်များကို ပို့ချသွားမည်ဖြစ်ပြီး (၁၆.၅.၂၀၂၂) ရက်နေ့မှ (၁၈.၅.၂၀၂၂) ရက်နေ့အထိ (၃)ရက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)