ဝါးခယ်မ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများအား လူအင်အား၊ စက်ယန္တရားများဖြင့် ရေမြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးတူးဖော်ခြင်းလုပ်ငန်းကို စာရေးကုန်းရပ်ကွက် မြူရုံးလမ်း၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကို မင်းပိုင်းရပ်ကွက်ရှိ မြူရုံးလမ်း၊ ကမ်းနားလမ်းနှင့် ဖြတ်လမ်းများမှ ရေထွက်ပေါက်များ၊ စာရေးကုန်းရပ်ကွက် မြူရုံးလမ်းနှင့် ကမ်းနားလမ်းနှင့် ဖြတ်လမ်းများမှာ ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် အခြားရပ်ကွက်များအား ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာစေရေးအတွက် ရေနုတ်မြောင်းများ တူဖော်ခြင်း၊ သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုး၏ ပြောကြားချက်အရ သိရသည်။
ဟိန်းထက်လင်း