ရွှေသောင်ယံ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့ နံနက်(၉)နာရီက ဒေါက်တာ ကျော်စိန်ရေးသားသည့် လူငယ်လမ်းညွှန်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်ဝေဝေမြင့်မှ စာဖတ်ဝိုင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီးစာအုပ်ပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းတက်ရောက်လာကြသော Book Club, Youth Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူ လူငယ်များမှ စာအုပ်ပါ အကြောင်းအရာများ၊ စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများအား ဆွေးနွေးကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ ရွှေသောင်ယံမြို့၊ ပြန်/ဆက်ဦးစီးမှူးနှင့် အတူ Book Club၊ Youth Club အဖွဲ့ဝင်များ၊ စာအုပ်၊ စာပေစိတ်ဝင်စားသူ လူငယ်များ တက်ရောက်ခဲ့ကြသည်။
ကိုကိုမောင်