ကန်ကြီးထောင့်မြို့နယ်တွင် ဒိုင်လူကြီး (ဘောလုံး) သင်တန်းဖွင့်လှစ်

ကန်ကြီးထောင့် မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ကန်ကြီးထောင့်မြို့နယ် ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဒိုင်လူကြီး (ဘောလုံး) သင်တန်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဧရာသီရီသုခခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဦးလှမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပုသိမ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းစံက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ဌာနမှ သင်တန်းမှူး ဦးကျော်မြင့်လှိုင်က ဘောလုံးကစားပွဲ၏ ဒိုင်တစ်ဦးချင်းစီ၏ အရေးပါပုံ၊ ဆုံးဖြတ်ချက်မှားယွင်းပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်လာနိုင်ပုံ၊ ဒိုင်လူကြီး၏ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား/သူ စုစုပေါင်း(၁၅)ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၅.၅.၂၀၂၂) မှ (၂၁.၅.၂၀၂၂)ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုပိုင်