ငါးသိုင်းချောင်း မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ရွှေတောင်ပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့ မွန်းလွဲပိုင်းက ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သည့် စာအောင်သံဃာတော်အား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဩဝါဒစရိယ၊ ငါးသိုင်းချောင်းမြို့ ရွှေတောင်ကျောင်းတိုက်၊ ပဓါနနာယက ဆရာတော် ဘဒ္ဒန္တဣန္ဒြိယာဘိဝံသထံမှ ငါးပါးသီလခံယူခြင်း၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ပထမငယ်တန်းအောင်မြင်ခဲ့သည့် ငါးသိုင်းချောင်းမြို့၊ စလင်းပရိယတ္တိစာသင်တိုက်မှ အရှင် ကေသရအား စာစစ်ဌာနဥက္ကဋ္ဌ ဆရာတော်က အောင်လက်မှတ်ချီးမြှင့်ခြင်း၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့သူ၊ မြို့သားပြည်သူများက သင်္ကန်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ စာဖြေဌာနကြီးကြပ်ဆရာတော်၊ စာချဆရာတော်၊ သံဃာတော်များအား နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင်၊ ငါးသိုင်းချောင်းမြို့ ရွှေရေးဆောင်ကျောင်းတိုက် ပဓါန နာယကဆရာတော်ဘဒ္ဒန္တသံဝရာဘိဝံသက အလှူအနုမောဒနာ တရားဟောကြား၍ ရေစက်သွန်းချ အမျှပေးဝေလျက် အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲအခမ်းအနားသို့ ငါးသိုင်းချောင်းမြို့ရှိ ဩဝါဒ စရိယဆရာတော်ကြီးများ၊ စာဖြေဌာနကြီးကြပ်ဆရာတော်၊ သံဃာတော်များ၊ စာချဆရာ တော်များ၊ စာအောင်သံဃာတော်များ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ သာသနာ့ အကျိုးဆောင်များ၊ ဒေသခံပြည်သူအလှူရှင်များ စုံညီစွာတက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)