ကောလင်း စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်း မိုးစပါးစိုက်ခင်းများတွင် ရောဂါကျရောက် မှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် နှောခုံကျေးရွာ တောင်သူ ဒေါ်မြစိန် စိုက်ပျိုး ထားရှိသည့် မိုးစပါးစိုက်ခင်းအချို့တို့တွင် ဖြုတ်ပိုးများကျရောက်မှုနှင့် ကျွန်းလှခုံကျေးရွာ တောင်သူ ဦးစိုးတင့်၏ စပါးခင်း စိမ့်ကိုင်၍ စပါးပင်များ ဝါနေမှုအား ယမန်နေ့က မြို့နယ ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမြင့်နှင့်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ ကြကြောင်း သိရသည်။
အဆိုပါ ဒေါ်မြစိန်၏ မိုးစပါးစိုက်ခင်း ဖြုတ်ပိုးကျရောက်မှု အခြေအနေများနှင့် ပတ်သက်၍ အချိန်မီ ပိုးသတ်ဆေးဖျန်း ဆောင်ရွက်နိုင်ရန် ပိုးကျရောက်နေသည့် စပါးခင်းအား သိုင်ရာ မီသောင်ဇင် ပိုးသတ်ဆေးအား တစ်ဧကလျှင် (၇၅) စီစီ ဆေးဖျန်းပုံး (၅) ပုံး ဖျန်းရန် ဆွေးနွေး အသိပညာပေးခဲ့သည်။
အလားတူ ကောလင်းမြို့နယ် ကျွန်းလှခုံကျေးရွာတောင်သူ ဦးစိုးတင့်၏ စပါးခင်းများ ဝါး နေသဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ရာ စပါးခင်းမှာ ရေဝပ်များပြီး စိမ့်ကိုင်နေသဖြင့် ပင်ပွားနည်းပြီး အမြစ်များ လုပ်ဆောင်မှု အားနည်းနေသောကြောင့် စပါးခင်းမှာ ဝါခြင်းဖြစ်ကြောင်း ရှင်းပြခဲ့ပြီး စိမ့်ကိုင်နေသော စပါးခင်းအား ပေါင်းမြက်များ ရှင်းလင်းပြီး ဂျစ်ပဆန်သဘာဝကျောက်မှုန့်ကို တစ်ဧကလျှင် နှစ်အိတ်နှင့် ပိုတက်ဓာတ်မြေသြဇာ တစ်ဧကကို ၈ ပုံ ၁ ပုံနှုန်း သုံးရန် လမ်းညွှန် အသိပညာပေး ဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)