ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဆင်ပေါင်ဝဲ မေ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်‌ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်မှ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို စတင်ခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဆင်ပေါင်ဝဲမြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမ (၁၄၆)ဦးအား စီမံခန့်ခွဲမှုဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာ ဘာသာရပ်များ လေ့လာတည်းဖြတ် အကဲဖြတ်ခြင်း၏ အရေးပါမှုနှင့် တတ်မြောက်မှုစစ်ဆေးခြင်း၊ ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ စသည့် ဘာသာရပ်များကို (၁၅.၅.၂၀၂၂)ရက်မှ (၁၆.၅.၂၀၂၂)ရက်နေ့ထိ (၂)ရက်တာ ဆွေးနွေး သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)