နာဂဒေသ၊ ပန်ဆောင်မြို့၌ ဒေသထွက် တံမြက်စည်းများ ပြုလုပ်ရောင်းချရာ စီးပွားရေးအဆင်​ပြေ

ပန်ဆောင် မေ ၁၆

စစ်ကိုင်တိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ စီးပွားရေးလုပ်ငန်းအရ ဥယျာဉ်များစွာ စိုက်ပျိုးထားရှိပြီး ယခုအခါ အိမ်သုံးတံမြက်စည်းများကို ခုတ်ယူရောင်းချလျက်ရှိရာ စီးပွားရေးလုပ်ငန်းများ အစဉ်ပြေနေကြောင်း ရှိရသည်။

ပန်ဆောင်ဒေသရှိ တံမြက်စည်းပင်များမှာ သီးသန့်စိုက်ပျိုးရန်မလိုဘဲ လမ်းဘေးဝဲယာတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိရာ ဒေသခံနေများအနေဖြင့် ငွေအရင်းအနှီး စိုက်ထုတ်ရန်မလိုပဲ မိသားစုဝင်ငွေများအဖြစ် အပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

ယခင်က မြို့တွင်း၌သာ ရောင်းချခဲ့သော်လည်း ယခုအခါ တံမြတ်စည်းကို ရပ်နီးရပ်ဝေးပြည်သူများမှ တစ်ချောင်းလျင် ၂၅၀၀ ကျပ်ဖြင့် ဝယ်ယူလျက်ရှိကြောင်းသိရသည်။ ဒေသခံတောင်သူများက အိမ်သုံးတံမြက်စည်းကို မိမိတို့ကိုယ်တိုင်ပြုလုပ်ပြီး တံမြက်စည်းတစ်ချောင်းလျှင် ငွေကျပ် ၃၀၀၀ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

ဂျာယော်(ပန်ဆောင်)