ပြည် မေ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ပညာတန်ခွန်ခန်းမ၌ ယနေ့နံနက်၈နာရီခွဲ အချိန်က ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်)မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်မြို့နယ်စီမံချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းဦးက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက်မြို့နယ် ပညာရေးမှူးဆရာမကြီး နော်အေးမေ အလယ်တန်းအဆင့် Grade-8(သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားသည်။
အဆိုပါသင်တန်းသို့ပြည်မြို့နယ်မှ ဆရာ၊ ဆရာမ စုစုပေါင်း(၄၉၀)ဦး တက်ရောက်ကြပြီး၊ သင်တန်း(နည်းပြ)ဆရာ၊ ဆရာမ (၃၆)က ဦးဆောင် သင်ကြားပို့ချပေးမှာဖြစ်ပြီး၊ သင်တန်းကာလမှာ မေလ(၁၆)ရက်မှ မေလ(၁၈)ရက်နေ့အထိ (၃)ရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။
ကိုစိုး