ပေါက်ခေါင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်(Grade-8) ဆင့်ပွားသင်တန်းဖွင့်လှစ်

ပေါက်ခေါင်း မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ အ-ထ-က(ပေါက်ခေါင်း)ရွှေရတုခန်းမတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်(Grade-8) ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်တွင်ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်း‌အောင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ပေါက်ခေါင်းမြို့နယ်ပညာရေးမှူးဦးအေးလှိုင်မှ သင်တန်းဖွင့်လှစ်သည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်(Grade-8) ဆင့်ပွားသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ဆရာမ ၃၈၂ ဦး၊ သင်တန်းနည်းပြဆရာ၊ဆရာမ ၂၈ ဦးတို့မှ မေလ ၁၆ ရက်နေ့မှ မေလ ၁၈ ရက်နေ့အထိ သုံးရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံ၊ စာရိတ္တနှင့် ပြည်သူ့နီတိ/ကာယပညာစသည့် ဘာသာရပ်များကိုသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)