ကြို့ပင်ကောက် မေ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ အထက(ပန်းတင်)ကျောင်းတွင် အခြေခံပညာ အလယ်တန်းအဆင့် Grade-8 သင်ရိုးသစ် ဘာသာရပ်သင်တန်းများကို မေလ ၁၆ ရက်နေ့မှ စတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
Grade-8 သင်ရိုးသစ် သင်တန်းကို ဘာသာရပ်အလိုက် သင်ကြားပေးလျက်ရှိရာ မြန်မာစာဘာသာတွင် အလယ်တန်းပြ ဆရာဆရာမ ၃၁ ဦး၊ အင်္ဂလိပ်စာဘာသာတွင် ၃၈ ဦး၊ သင်္ချာဘာသာတွင် ၃၈ ဦး၊ သိပ္ပံဘာသာတွင် ၂၂ ဦး၊ ပထဝီဘာသာတွင် ၂၂ ဦး၊ သမိုင်းဘာသာတွင် ၂၇ ဦး၊ စာရိတနှင့် ကာယတွင် ၁၀ ဦးတို့ဖြင့် အခန်း ၇ ခန်းခွဲကာသင်တန်းနည်ပြ ၁၃ ဦးမှ စုစုပေါင်း သင်တန်းသား အလယ်တန်းပြ ဆရာဆရာမ ၁၈၈ ဦးတို့အား ပြန်လည်ဆင့်ပွား သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ပြောင်းလဲလာသော ပညာရေးစနစ်သစ်အား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သင်ကြားပေးရသော ဆရာ၊ ဆရာမများနှင့် သင်ယူကြသော ကျောင်းသားကျောင်းသူ များအား ပညာရေး စနစ်သစ်၏ ရည်ရွယ်ချက်နှင့်အညီ ပိုမိုထိရောက်သော သင်ကြားသင်ယူမှု ဖြစ်ပေါ်လာစေရေးအတွက် ပညာရေး ဝန်ထမ်းများမှ အားထည့်ဆောင်ရွက်လျက် ရှိကြောင်း အလယ်တန်းပြ ဆရာတစ်ဦးက ပြောသည်။
ဇေယျာထွန်း