မိုးညို မေ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းဆင့် Grade-8 (သင်ရိုးသစ်) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ-ထ-က(မိုးညို)၊ သရဖူခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် သာယာတီခရိုင်၊ ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးသွဲ့က အဖွင့်အမှာစကားပြောကြားပြီး မိုးညိုမြို့နယ် ပညာရေးမှူးရုံးမှ သင်တန်းတာဝန်ခံ ဆရာကြီးဦးသန်းဌေးက သင်တန်းဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။
အဆိုပါအခြေခံပညာအလယ်တန်းဆင့် Grade-8 (သင်ရိုးသစ်)သင်တန်းကို မြို့နယ်အတွင်းရှိ အလယ်တန်းပြဆရာ၊ ဆရာမ (၃၅၇)ဦးတက်ရောက်ပြီး ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အ-ထ-က(၁)တွင် (၉-၅-၂၀၂၂ မှ ၁၁-၅-၂၀၂၂)ရက်ထိ ဖွင့်လှစ်ခဲ့သည့် အခြေခံပညာအလယ်တန်းဆင့် Grade-8(သင်ရိုးသစ်) မြို့နယ်အဆင့်နည်းပြသင်တန်းအား တက်ရောက်ပြီးခဲ့သည့် ဆရာ၊ ဆရာမ(၁၆)ဦးက သင်တန်းပို့ချသွားမှာဖြစ်ပြီး သင်တန်းကာလမှာ ယနေ့ မေလ ၁၆ ရက်နေ့မှ မေလ ၁၈ ရက်နေ့အထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း(မိုးညို)