အသက်(၁၅)နှစ်မှ (၁၈)နှစ်ကြား ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး

ပေါက်ခေါင်း မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် ကျန်းမာရေး ဌာနခွဲများမှ ရပ်ကွက်/ကျေးရွာများအထိ ကွင်းဆင်းထိုးနှံပေးလျက် ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ Volunteer များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပြီး ယမန်နေ့က ဓမ္မသော်အုပ်စု၊‌ ချောင်းခွကြီး‌ ကျေးရွာမှ အသက်(၁၅)နှစ်မှ(၁၈)နှစ်ကြား ပြည်သူ(၄၀)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Phase  10, first  dose ကို ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်