မင်းလှ မေ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတတ်ရေး “ စာဖတ်ခြင်းဖြင့်လူငယ်များရရှိနိုင်သောအကျိုးကျေးဇူးများ ” ခေါင်းစဉ်ဖြင့် (TALK SHOW) ဆွေးနွေးပွဲကို ယမန်နေ့နေ့လည် ၂ နာရီချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်မာဝင်းက လူငယ်လူရွယ်များစာဖတ်ခြင်းကြောင့် အသိပညာဗဟုသုတရရှိစေရန် အချက်များတို့ကိုမေးမြန်းခဲ့ရာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌဦးမျိုးမြင့်က စာဖတ်ခြင်းဖြင့်လူငယ်များရရှိနိုင်သောအကျိုးကျေးဇူးများ ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲကို We Love Minhla Facebook Page တွင် ဝင်ရောက်ကြည့်ရှု့နိုင်ကြောင်းသိရသည်။
ပေါက်စ မင်းလှ