မင်းလှ၌ အခြေခံပညာသင်ရိုးသစ် Grade-8 မြို့နယ်အဆင့် (face to face)သင်တန်းဖွင့်လှစ်ပို့ချ

မင်းလှ မေ ၁၆

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပညာရေးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာသင်ရိုးသစ် Grade-8 မြို့နယ်အဆင့် (face to face)သင်တန်းဖွင့်လှစ်ပို့ချခြင်းကို အ ထ.က မင်းလှ(မြို့ပြင်) ကျောင်း ၌ မေ ၁၆ ရက်နံနက် ၉ နာရီချိန်က စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

သင်တန်းတွင် တိုင်းအဆင့် တက်ရောက်ခဲ့သော ဆရာဆရာမနည်းပြ(၂၆)ဦးမှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာ ဘာသာရပ် များကို မေလ ၁၆ ရက်မှ ၁၈ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီချိန်ထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း၊ အခြေခံပညာအလယ်တန်းဆင့်သင် သင်တန်းသား/သူ ဆရာဆရာမများ (၂၅၈) ဦး တက်ရောက် လျက်ရှိကြောင်းသိရသည်။

အဆိုပါသင်တန်းကို မြို့နယ်ပညာရေးမှူးနှင့် ဒုတိယမြို့နယ်ပညာရေးမှူးများ၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ပေါက်စ မင်းလှ