ဆင်ပေါင်ဝဲ မေ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာအုပ်စု၊ ဆင်မြူးအောင် ကျေးရွာတွင် ကျေးရွာနေပြည်သူများ သောက်သုံးရေ အဆင်ပြေစွာ သုံးစွဲနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နေ ဦးအောင်ဌေး+ ဒေါ်ကြည်ကြည်မြင့် သားသမီး မြေးတစ်စုမှ ရေတွင်း၊ ရေစင်၊ မီးစက်၊ မီးစက်အိမ်နှင့် ရေစုပ်ပန့် စုစုပေါင်းကုန်ကျငွေ (၂၇၅)သိန်းကျပ်ခန့် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေသည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)