ပဲခူးမြို့တွင် Grade-8 (သင်ရိုးသစ်) မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပဲခူး မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  အခြေခံပညာကျောင်းများတွင် သင်ကြားပို့ချမည့် Grade-8 (သင်ရိုးသစ်) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၈:၃၀) နာရီက အ-ထ-က (၁) သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ Grade-8 (သင်ရိုးသစ်) မြို့နယ်မဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်အောင်ရီ က အဖွင့်အမှာစကား ပြောကြားပြီး  မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ထက်ပိုင်က သင်တန်းစည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ Grade-8 (သင်ရိုးသစ်) အလုပ်ရုံ‌ဆွေးနွေးပွဲကို ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၁၀၆၉)ဦးတို့ တက်ရောက်ကြပြီး သင်တန်းအား (၁၆-၅-၂၀၂၂) ရက်နေ့မှ (၁၈-၅-၂၀၂၂) ရက်နေ့ထိ (၃)ရက်ကြာ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)