ဇီးကုန်းမြို့နယ်တွင် Grade-8 (သင်ရိုးသစ်)ဘာသာရပ် သင်တန်းများ စတင်သင်ကြားပို့ချ

ဇီးကုန်း မေ ၁၆

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်းဆင့် Grade-8 (သင်ရိုးသစ်)  ဘာသာရပ်သင်တန်းများကို ယနေ့နံနက် ၉ နာရီမှစတင်၍ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က(ဇီးကုန်း)၌ စတင်သင်ကြားပို့ချပေးလျက်ရှိသည်။

အဆိုပါ သင်တန်းတွင် မေလ ၉ ရက်မှ ၁၁ ရက်နေ့အထိ တိုင်းအဆင့်နည်းပြသင်တန်းတွင် တက်ရောက်ခဲ့သော သင်တန်းနည်းပြ ဆရာ ဆရာမ ၁၄ ဦးက ဘာသာရပ်များအလိုက် အခန်းများခွဲ၍ သင်ကြားပို့ချလျှက်ရှိသည်။ အဆိုပါသင်တန်းတွင် မြန်မာစာ ဘာသာရပ်တွင် ဆရာ ဆရာမ(၂၉)ဦး၊ အင်္ဂလိပ်စာဘာသာရပ်တွင် ဆရာ ဆရာမ(၃၄)ဦး၊ သင်္ချာဘာသာရပ်တွင် ဆရာ ဆရာမ (၃၁)ဦး၊ ပထဝီဘာသာရပ်တွင် ဆရာ ဆရာမ(၂၈)ဦး၊ သမိုင်းဘာသာရပ်တွင် ဆရာ ဆရာမ(၂၆)ဦး၊ သိပ္ပံဘာသာရပ်တွင် ဆရာ ဆရာမ(၂၇)ဦး၊ ကာယ စာရိတ္တနှင့်ပြည်သူ့နီတိတွင် (၁၀)ဦး စုစုပေါင်း(၁၈၅)ဦးအား သင်တန်းနည်းပြဆရာများက သက်ဆိုင်ရာ ဘာသာရပ်အလိုက်   နံနက်၉နာရီမှ  ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးလျက်ရှိပြီး မြို့နယ်ပညာရေးမှူးရုံးမှ ကြီးကြပ်ပေးလျက် ရှိသည်။ အဆိုပါသင်တန်းကို မေလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ