နတ်တလင်းမြို့၌ အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်)သင်တန်း စတင်ဖွင့်လှစ်ပို့ချ

နတ်တလင်း မေ ၁၆

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်) သင်တန်းဖွင့်လှစ်ပို့ချခြင်းကို အ.ထ.က နတ်တလင်းကျောင်း၌ ယနေ့နံနက် ၉ နာရီချိန်က စတင်ဖွင့်လှစ်သင်ကြား ပို့ချ‌ပေးလျက် ရှိသည်။

အဆိုပါသင်တန်းတွင် တိုင်းအဆင့်နည်းပြသင်တန်း တက်ရောက်ခဲ့သော ဆရာဆရာမ နည်းပြ(၁၆)ဦးမှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယပညာ ဘာသာရပ်များကို မေလ ၁၆ ရက်မှ ၁၈ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီချိန်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် သင်တန်းသား/သူ ဆရာဆရာမများ (၂၉၉)ဦးတက်ရောက်လျက်ရှိကြောင်း သိရသည်။

သင်တန်းကို မြို့နယ်ပညာရေးမှူး ဦးဝင်း‌ဌေးနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံဖြိုး