ပဲခူး မေ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြိုကာလတွင် ဇောင်းတူ (၂) ဘိနယ်ကျောက်ဖား သစ်တောစခန်းအနီး သစ်တော သစ်ပင်များ စိန်းလန်းစိုပြေစေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီအကြိုသစ်ပင် စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက် (၈:၃၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ပဲခူးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်၍ ဒေသအပူချိန်လျော့ချနိုင်စေရန်နှင့် ဂေဟစနစ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်စေရန် ကျွန်းပျိုးပင် (၅၁၀) ပင် ကို စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ပဲခူးခရိုင် လက်ထောက်ညွှန်ကြားရေးမှူးတို့ ဦးဆောင်သော သစ်တောဝန်ထမ်း (၂၀) ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တိုက်ကြီးစခန်း၊ ဇောင်တူစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်အင်အား (၁၀) ဦး၊ ဇောင်းတူကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးအဖွဲ့ဝင် (၁၀) ဦးနှင့် ဒေသခံပြည်သူ (၂၀) ဦး၊ စုစုပေါင်းတက်ရောက် အင်အား (၆၀) ဦး ခန့်က မိုးရာသီအကြို ရေလောင်း၍ သစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ပဲခူးခရိုင်၊ပြန်/ဆက်