မော်လမြိုင်ကျွန်းမြို့နယ်တွင် နှာခေါင်းစည်းမတပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသူများအား ယခုဝယ်၊ ယခုတပ် စနစ်ဖြင့် စစ်ဆေးဆောင်ရွက်

မော်လမြိုင်ကျွန်း  စက်တင်ဘာ ၄

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရာဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ဆင်စေခြင်းအား ဩဂုတ် ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပညာပေးကာလအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့အဝင်စစ်ဆေးရေးဂိတ်နှင့် မြို့နယ် အတွင်းရှိ ရပ်ကွက်များ လူစည်ကားရာနေရာများတွင်  နှာခေါင်းစည်း မတပ်ဆင်သူများအား  Mask (၃) လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် "ယခုဝယ်၊ ယခုတပ်" စနစ်ဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

မြို့နယ်နေပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းမဖြစ်မနေ(မဖြစ်မနေ) တပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော လမ်းညွှန်ချက်များအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီမှ မြို့တွင်းလမ်းတစ်လျှောက် အသံချဲ့ စက်များဖြင့် တစ်နေ့လျှင် ၅ ကြိမ်လှည့်လည် ကြေငြာလျက်ရှိကြောင်း သိရသည်။

အောင်အောင် (ပြန်/ဆက်)