ပုသိမ်မြို့၌ ကဆုန်လပြည့်ညောင်ရေသွန်းပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ

ပုသိမ် မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ရှေးဟောင်းသမိုင်းဝင် ရွှေမုဌောမဟာစေတီတော်မြတ်ကြီး ဦးမောင်ကြီးအာရုံခံတန်ဆောင်း၌ ကျင်းပပြုလုပ်သော ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ညောင်ရေသွန်းပွဲတော်ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲအချိန်ကကျင်းပရာ ဧရာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ပူဇော်ကြည်ညိုကြသည်။

ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော စေတီတော်မြတ်ကြီး၏ ဩဝါဒစရိယဆရာတော်ကြီး ၉ ပါးတို့အား တံခွန်၊ ကုက္ကား၊ မုလေးပွားများ ဆက်ကပ်၍ ရင်ပြင်တော်ပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအားဗုဒ္ဓါဘိသေကအနေကဇာ တင်ပေးတော်မူပါရန် ဂေါပကအဖွဲ့သဘာပတိမှ လျှောက်ထားပြီး စေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော်ကြီးများက ဗုဒ္ဓါဘိသေကအနေကဇာတင်ပေးတော်မူကြသည်။ ဆက်လက်၍ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယညောင်ပင်သာ ကျောင်းတိုက်ပဓါနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ကြီးထံမှဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီးနောက် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မရမ်းချိုကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တသောဘိတထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

ဆက်လက်၍ နေ့လည် ၂ နာရီအခွဲအချိန်တွင် ပုသိမ်မြို့သာသနာ့ဗိမာန်၌ ဧရာတီတိုင်းဒေသကြီး အစိုးရအဖွဲကကြီးမှူးပြုလုပ်သည့် တိုင်းဒေသကြီးအတွင်းရှိ သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့်ပဲများ ဆက်ကပ်လှူဒါန်းပွဲကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့်ဇနီးများ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် ဩဝါဒါစရိယညောင်ပင်သာကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ကြီးထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဝန်ကြီးချုပ် ကသာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အစရှိသော လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ မရမ်းချို ကျောင်းတိုက် ဓါနနာယကဆရာတော် ဘဒ္ဒန္တသောဘိတထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ အဆိုပါအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းတိုက်ပေါင်း ၈၇၈၂ ကျောင်းတိုက်တွင် သီတင်းသုံးတော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင် ၄၈၅၉၄ ပါးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်သူများမှ ဆွမ်းဆန်တော် ၈၀၉၉ အိတ်၊ ဆီ ၂၄၂၉၇ ပိဿာ၊ ဆား ၈၇၈၂ ပိဿာ၊ ပဲ ၂၄၂၉၇ ပိဿာတို့အားလှူဒါန်းခဲ့ပြီး စုစုပေါင်းတန်ဖိုးငွေမှာ ၄၈၅၉၄၀၀၀၀ ကျပ် ဖြစ်ကြောင်းသိရသည်။ မရမ်းချိုကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တသောဘိတထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ အဆိုပါအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းတိုက်ပေါင်း ၈၇၈၂ ကျောင်းတိုက်တွင် သီတင်းသုံးတော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင် ၄၈၅၉၄ ပါးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူများမှ ဆွမ်းဆန်တော် ၈၀၉၉ အိတ်၊ဆီ ၂၄၂၉၇ပိဿာ၊ ဆား ၈၇၈၂ ပိဿာ၊ ပဲ ၂၄၂၉၇ ပိဿာတို့အားလှူဒါန်းခဲ့ပြီး စုစုပေါင်းတန်ဖိုးငွေမှာ ၄၈၅၉၄၀၀၀၀ ကျပ် ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့အခါတော်နေ့)အား ရှေးဟောင်းသမိုင်းဝင် ရွှေမုဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ညနေ ၄ နာရီအချိန်တွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက အခမ်းအနားအစီအစဉ်များအတိုင်း သတ်မှတ်နေရာများတွင်နေရာယူ၍ ဗောဓိပင်များအား ကဆုန်ညောင်ရေသွန်းလောင်းပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)