ဘုန်းတော်ကြီးကျောင်းများသို့ သုံး‌ရေ ၃၃၆၀၀ ဂါလံ၊ သောက်ရေသန့် ၂၀ လီတာဘူး ၂၁၀ နှင့် (၀.၆) ၁၂ လုံးကဒ်၊ ၁၅၀ လှူဒါန်း

မင်းဘူး မေ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ချမ်းသာကြီးပရဟိတနှင့် ကဆုန်လပြည့်ရေလှူ‌တော်အဖွဲ့မှ ရေအခက်အခဲ့ရှိသည့် ဘုန်းတော်ကြီးကျောင်းများသို့ သုံးရေ (၃၃၆၀၀) ဂါလံနှင့် သောက်ရေသန့် (၀.၆) (၁၂) လုံးကဒ် ၁၅၀၊ ( ၂၀) လီတာ ၂၁၀ ဘူးတို့အား လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ရေလှူဒါန်းရာတွင် ချမ်းသာကြီးပရဟိတနှင့် ကဆုန်လပြည့်ရေလှူ‌တော် အဖွဲ့ခေါင်းဆောင်ဦးသက်ထွန်းက “ကျွန်တော်တို့ အညာဒေသမှာ တပေါင်းလမှ နယုန်လအထိ အလွန်ပူပြင်းတဲ့လတွေဖြစ်တယ်ဗျ။ အဲဒီလို အပူရှိန်ပြင်းတော့ ချိုးရေသုံးရေနဲ့ သောက်ရေတွေပါ ရှားပါးလာတဲ့အတွက် ရေအခက်အခဲရှိတဲ့ ဘုန်းတော်ကြီးကျောင်း‌တွေကို ရေလိုက်လှူရတာပါ။ ဒီမြို့နယ်အတွင်းက ရေအခက်ခဲရှိတဲ့ ကျောင်း ၁၃ ကျောင်းရှိပြီး ကျောင်းရှိသံဃာတော် အနည်းအများကိုလိုက်ကာ သံဃာနည်းလျှင် ဂါလံ ၂၄၀၀ စီနှင့် သံဃာများလျှင် ဂါလံ ၃၆၀၀ စုစုပေါင်း ၁၃ ကျောင်းအတွက် ရေဂါလံ ၃၃၆၀၀ နှင့် ရေသန့်ဗူးကြီး (၂၁၀) ဘူး၊ (၀.၆) (၁၂) လုံးကဒ် (၁၅၀) ကို လှူဒါန်းခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း ရေလိုအပ်နေတဲ့ကျောင်းတွေကို လှူသွားအုံးမှာပါ” ဟု ချမ်းသာကြီးပရဟိတနှင့် ကဆုန်လပြည့်ရေလှူ‌တော်အဖွဲ့ခေါင်းဆောင်ဦးသက်ထွန်းက ပြောသည်။

ဇေယျာထက်(မင်းဘူး)

ဝင်းနိုင်