ကျိုက်လတ်မြို့နယ်အတွင်း သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ဆား၊ပဲ၊ဆက်ကပ်လှူဒါန်းပွဲ  အခမ်းအနားကျင်းပ

ကျိုက်လတ် မေ ၁၅

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်သူများက ကျိုက်လတ်မြို့နယ်အတွင်း သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါ လတခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဓမ္မပါလကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ကြွရောက်တော်မူလာကြကုန်သော ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဇျာယ်ကြသည်။ထို့နောက် ကျိုက်လတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျက သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သံဃာတော်အရှင်မြတ်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဒါန်းဖွယ်ရာများကို လှူဒါန်းပေးခဲ့သည်။ ထို့နောက် ဓမ္မပါလကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက် သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ကျိုက်လတ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂၃၄)ကျောင်း၊ သီလရှင်ကျောင်း(၁၀)ကျောင်း၊ စုစုပေါင်း (၂၄၄)ကျောင်းရှိ သံဃာတော်(၁၅၅၅)ပါး၊ သီလရှင် (၄၄)ပါး၊ စုစုပေါင်း (၁၅၉၉)ပါးတို့အား ဆွမ်းဆန်တော် ၂၆၆.၅ အိတ်၊ ဆီ ၇၉၉.၅ ပိဿာ၊ ဆား ၁၅၉၉၀ ပိဿာ၊ ပဲ ၇၉၉.၅ ပိဿာတို့ကိုလှူဒါန်းနိုင်ခဲ့သဖြင့်စုစုပေါင်း တန်ဖိုးငွေ (၁၅၉၉၀၀၀၀ )ကျပ် ဖြစ်ကြောင်း သိရသည်။

ဒေါ်ရီရီမြင့်