မြို့သစ်မြို့နယ်၌ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြို့သစ် မေ ၁၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေ၃နာရီအချိန်က မြို့သစ်မြို့ကွက်သစ်ရပ်ကွက်၊ သာလေးသာသမိုင်းဝင် အင်ကြင်း သာစေတီတော်မြတ်ကြီး၏ ဘုရားပရဝန်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ဆွမ်းဆန်အလှူခံကြွလာသော သံဃာတော်အပါး (၁၅၀)ကျော်တို့အား ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများမှ ဆွမ်းဆန်စိမ်းများ၊ လှူဖွယ်ပစ္စည်းများအားသဒ္ဒါထက်သန်စွာ လောင်းလှူခဲ့ကြသည်။

အဆိုပါ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကဆုန်လတွင် နှစ်စဉ်မပျက် ယခုလို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း( ပြန်ဆက်)