ရွှေသောင်ယံ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဉက္ကံတောင်ဇေယျ သုခကျောင်းတိုက်တွင် ယမန်နေ့မွန်းလွှဲ(၂)နာရီခွဲအချိန်က ရွှေသောင်ယံမြို့အတွင်း သတင်းသုံး နေထိုင်ကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူများမှ လှူဒါန်းသည့်ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပံတို့အားဆက်ကပ် လှူဒါန်းပွဲကိုကျင်းပ ပြုလုပ်သည်။
အဆိုပါ လှူဖွယ်ဝတ္ထုများ ဆက်ကပ်ရာတွင်ရွှေသောင်ယံမြို့ရှိ သံဃာတော်(၅)ပါးပင့်ဆောင်၍ ရွှေသောင်ယံမြို့၊မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သောဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ သတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်(၁၊၂၊၃) ရှိအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များမှ ဆက်ကပ် လှူဒါန်းပေးခဲ့သည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလခံ ယူဆောက်တည်ကြပြီး လှူဒါန်းရသော ကုသိုလ်ကောင်းမှူများကို ရေစက်ချ အမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ ရပ်ကွက် (၁၊၂၊၃) ရှိဘုန်းတော်ကြီးကျောင်း( ၉)ကျောင်း၌သတင်းသုံးလျက်ရှိသော ဝါဆိုသံဃာ(၂၂) ပါးနှင့်သီလရှင်(၁)ပါးအား လှူဖွယ်ဝတ္ထုငွေများ ကပ်လှူခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင်