နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်း

ဘားအံ မေ ၁၅

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်ဓမ္မစကူးလ်ကော်မတီတို့ကြီးမှူးဖွင့်လှစ်သော (ပထမ) အကြိမ် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲကို မေလ ၁၅ ရက်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့ မဲဘောင်ကျောင်းတိုက်၌ ကျင်းပသည်။

ရှေးဦးစွာ သရက်တောကျောင်းတိုက်ဆရာတော်ဘန္ဒန္တဂမ္ဘီရဗောဓိ က နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဩဝါဒကထာမိန့်ကြားပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်တန်းဖွင့်လှစ်သင်ကြားရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက် ထားတင်ပြကာ တာဝန်ရှိသူများနှင့်အတူ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်  နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း နည်းပြ ဆရာ/မများနှင့် ထူးချွန်ဆုရသင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများ၊ သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)