ဟိုင်းကြီးကျွန်း မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပြည်သူများက ဟိုင်းကြီးကျွန်းမြို့နယ်အတွင်း သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည် ၂ နာရီခွဲအချိန်တွင် ပဓာနိကာရာမကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ထွန်းမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ပဓာနိကာရာ မကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညောဘာသမှ ငါးပါးသီလနှင့် တရားတော်များကိုချီးမြှင့်ခဲ့သည်။
ထို့နောက် မြို့အုပ်ချုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာများမှ ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဒါန်းဖွယ်ရာအစုစုတို့ကို ဆက်ကပ် လှူဒါန်းခဲ့ပြီး ပဓာနိကာရာ မကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညောဘာသမှ လှူဒါန်းမှုကုသိုလ်အစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ပြီး အခမ်းအနား အစီအစဉ်ကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။
လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)
၀၉၇၇၇၈၁၉၇၄၆