လေးမျက်နှာ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၁၃၈၄ခုနှစ် ကဆုန်လပြည့်နေ့ မိုးရာသီအကြို သစ်ပင်စိုက်ပျိူးပွဲကို လေးမျက်နှာမြို့နယ် ကျက်သရေဆောင် သံသရာငြိမ်းအေးစတုမုခဇေယျသိဒ္ဓိစေတီတော်မြတ်ဘုရားဝန်းအတွင်း၌ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကိုကာကွယ်ပေးနိုင်သည့် တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
လေးမျက်နှာမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်ပင်သစ်တောများ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ ဒေသအပူချိန် လျှော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နိုင်ပြီး သဘာဝဘေး အန္တရာယ်များကျရောက်ခြင်းမှ ကာကွယ်နိုင်စေရန်အတွက်နှစ်စဉ်သစ်ပင်ပျိူးပင်များစိုက်ပျိူး ထိန်းသိမ်းလျက်ရှိရာ ယခုနှစ်တွင်လည်း ပထမအကြိမ်အဖြစ် မန်ဂျန်ရှား(၂၅၀)ပင် စိုက်ပျိူး ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
အဆိုပါမိုးရာသီအကြိုသစ်ပင်စိုက်ပျိူးပွဲတော်သို့လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲရင့်နောင်၊ အတွင်းရေးမှူးရဲမှူးအောင်ဆွှေသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၁၅၀)ဦးတို့မှ ပူးပေါင်းပါဝင် စိုက်ပျိူးခဲ့ကြကြောင်းသိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)