အင်္ဂပူ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၊ သာသနာ့ဗိမာန်တော်တွင် မေလ ၁၃ ရက်နေ့ညနေပိုင်း ၂၀၂၁ခုနှစ်၊ အစိုးရပါဠိပထမပြန်စာအောင်ဆုနှင်းသဘင်နှင့်စူဠဘွဲနှင်း သဘင်အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦး အောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲနှင့်ဝန်ထမ်းများ၊ ရပ်မိ/ဖများနှင့်စေတနာရှင်အလှူ့ဒါယကာ၊ဒါယိကာမများက "နမောတဿ" (၃) ကြိမ်ရွတ်ဆိုအခမ်းအနားဖွင့်လှစ်ခဲ့ပြီးမြို့နယ်သံဃနာယက ဒုဥက္ကဋ္ဌ စန္ဒာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမဏ္ဍလထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးကြွရောက်တော်မူသော ဆရာတော်အရှင်သူမြတ်များမှ အန္တရယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ်ချီးမြှင့်ခဲ့သည်။
ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက သာသနာရေးဆိုင်ရာကိစ္စရပ်များအားလျှောက်ထားပြီးနောက်၂၀ ၂၂ ခုနှစ်အစိုးရပါဠိပထမပြန်စာမေးပွဲတွင်ကြီးကြပ်ရေး သံဃာတော်များအားလှုဖွယ်ပစ္စည်းများကို ဆက်ကပ်လှုဒါန်းကြခဲ့ပြီး၂၀၂၁ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း(၂)ပါး၊ပထမငယ်တန်း(၁) ပါး၊အခြေပြုမူလတန်း စာအောင်သံဃာ(၂)ပါးနှင့်သီလရှင် (၃)ပါးတို့ကို စာအောင်လက်မှတ်နှင့် လှုဖွယ်ဝထ္ထုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှေက်ရေးအသင်းနှင့် အမျိုးသမီးရေရာအဖွဲဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့် အဖွဲဝင်များ၊စေနာရှင်အလှုရှင်များမှဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဇေယျသုခကျောင်းတိုက်ဆ ရာတော် (မဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တရဝတဓမ္မမှဩဝါဒသထာနှင့် လှူဒါန်းမှုအစုစုအတွက် ရေစက် ချတရားဟောကြားခဲ့ပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဌတု"(၃)ကြိမ် ရွတ်ဆိုပြီး အခမ်း အနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မန်းကျော်၊အင်္ဂပူ(ပြန်/ဆက်)