ဘုရားကြီးမြို့၌ ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲကျင်းပ

ပဲခူး မေ ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဘုရားကြီးမြို့ ဆုတောင်းပြည့်သမိုင်းဝင် မဟာဝိဇယရံသီ စေတီတော် မြတ်ကြီး၌ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို‌ မေလ ၁၄ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့) နေ့လယ်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး မြောက်ဘက်မုမ်၌ ဘုရားအမှူးပြုသော သံဃာတော် အရှင်သူမြတ် (၅၁၃)ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ရာ ဘုရားကြီးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးလွင်ဖြိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်၍ ဆွမ်းဆန်စိမ်းများလောင်းလှူ ပူ‌ဇော်ကြသည်။

အဆိုပါ ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ ဘုရားကြီးမြို့ရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်အပါး (၅၁၃)ပါးသည် ဆုတောင်းပြည့် သမိုင်းဝင် မဟာဝိဇယရံသီ စေတီတော်မြတ်ကြီးမှ စတင်ကာ လမ်းတစ်လျှောက် လက်ယာကပ် ကြွရောက်အလှူခံတော်မူရာ မြို့အုပ်ချုပ်ရေးမှုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင် အလှူရှင်များက ဆွမ်းဆန် တော်များ၊ အချိုရည်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ပါဝင်ကုသိုလ်ယူ လှူဒါန်းခဲ့ကြောင်း သိရသည်။

ပဲခူးခရိုင်(ပြန်/ဆက်)