ဖြူး မေ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်နေ့ဗုဒ္ဓနေ့တွင် ညောင်ရေသွန်းပွဲတော်များကို ကျင်းပလျှက်ရှိရာ ယနေ့နံနက် (၉)နာရီ က ဖြူးမြို့ပေါ်ရှိ ရွှေကျင်တောင်ကျောင်းတိုက်အတွင်း သမိုင်းဝင်မဟာပုညမုနိ စေတီတော်မြတ်ကြီးတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က ညောင်ရေသွန်းလောင်း လှူခဲ့ကြကြောင်း သိရသည်။
ညောင်ရေသွန်းလောင်းလှူရာတွင် ဖြူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးမြတ်မင်းမောင်ဦးဆောင်ကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့က ညောင်ရေသွန်းလောင်းလှူ ကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။
အဆိုပါ သမိုင်းဝင်မဟာပုညမုနိ စေတီတော်မြတ်ကြီးတွင် ညောင်ရေသွန်းလောင်းလှူပွဲကို ရွှေကျင်တောင်ကျောင်းတိုက်ဦးစီးနာယကဆရာတော် ဦးစီးကာ နှစ်စဉ်ကျင်းပမြဲ ကျင်းပနေခြင်း ဖြစ်ပြီး မွန်းလွဲ(၂)နာရီမှ စတင်ကာ ညောင်ရေသွန်းလောင်းလှူသူများ ပိုမိုလာရောက်မှုများပြားပြီး လာရောက်သူတိုင်းအား ကြာဇံချက်ဖြင့် စတုဒီသာကျွေးမွေးသွားမည်ဖြစ်ကြောင်း ဆရာတော်ကြီး ထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)