ကံမ မေ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည် မြင့်မားမှု အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာ အထက်တန်း အလယ်တန်း မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲအား(၂)ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း စာသင်ကျောင်များ၏ စီမံရေးရာ၊ ဘဏ္ဍာရေးနှင့် သင်ကြားရေးအပိုင်းများကို နည်းပြ(၃)ဦးမှ ကဏ္ဍအလိုက် ဦးဆောင် ဆွေးနွေးသွားမည်ဖြစ်ပြီး ကျောင်းအုပ်ကြီး ၁၂၈ ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
ကျော်ဇေယျဝင်း (ကံမ)