မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ကဆုန်လပြည့်နေ့တွင် မကွေးမြို့ မြသလွန် ဘုရားရင်ပြင်တော်၌ သံဃာတော် (၁၆၁)ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ညောင်ရေသွန်းလောင်း ကုသိုလ်ပြုလုပ်

မကွေး  မေ  ၁၄

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မကွေးမြို့ မြသလွန်ဘုရားရင်ပြင်တော်တွင် မကွေးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် ညောင်ရေသွန်းလောင်း ကုသိုလ်ပြုခြင်းကို ယနေ့နံနက်()နာရီအချိန်က မကွေးမြို့ မြသလွန်ဘုရား ရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များမှ ပါဝင်လှူဒါန်းကုသိုလ်ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ ဆွမ်းဆန်စိမ်းများ လောင်းလှူခြင်းနှင့် ညောင်ရေသွန်းလောင်းကုသိုလ်ပြုခြင်းများ ဆောင်ရွက်ရာတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် သည် မကွေး လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ် (၈၈)ခြေမြန် တပ်မဌာနချုပ်၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများနှင့်အတူ မကွေးမြို့ မြသလွန်ဘုရားရှိ မဟာအတုလရံသီ တန်ဆောင်းတွင် မကွေးမြို့ ဘုန်းတော်ကြီးကျောင်း (၉၆)ကျောင်းရှိ သံဃာတော် (၁၆၁)ပါးအား ဆွမ်းဆန်စိမ်းများ လောင်းလှူခြင်း၊ လှူဖွယ်ပစ္စည်းများ ကပ်လှူခြင်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး  မကွေးမြို့ မြသလွန်ဘုရားရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ကုသိုလ်ပြုခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဆွမ်းဆန်စိမ်လောင်းလှူပွဲနှင့် ညောင်ရေသွန်းလောင်း ကုသိုလ်ပြုခြင်း အခမ်းအနားကို တက်ရောက်လာကြသူများနှင့် ဘုရားဖူးလာ ပြည်သူများအား မြန်မာ့ရိုးရာ မုန့်များဖြင့် စတုဒိသာများ ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)