ဆင်ပေါင်ဝဲမြို့နယ်၌ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ

ဆင်ပေါင်ဝဲ မေ ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူ ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဘုရားငါးဆူ စေတီတော်မှ စတင်၍ မြို့ပေါ်ရပ်ကွက်အတွင်းသို့ လှည့်လည်အပူဇော်ခံခဲ့သည်။

ထိုသို့လောင်းလှူရာတွင် ဆွမ်းဆန်အလှူခံကြွလာသော သံဃာတော်(၂၄၂)ပါး၊ သီလရှင် (၃၀)ပါး၊ စုစုပေါင်း (၂၇၂)ပါးတို့အား ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများမှ ဆွမ်းဆန်စိမ်းများ၊ လှူဖွယ်ပစ္စည်းများအား သဒ္ဒါထက်သန်စွာ လောင်းလှူခဲ့ကြသည်။

အဆိုပါ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကဆုန်လတွင် နှစ်စဉ်မပျက် ယခုလို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)