ဖားဆောင်းမြို့ ခဲမဖြူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ဖားဆောင်း      မေ    ၁၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်သာယာလှပရေး၊ ခြင်အန္တရာယ်မှ ကင်းဝေးစေရေး၊ ကျောင်းသန့်ရှင်းစေရေး ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်များ၊ အမှိုက်များ၊ မြက်ပင်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများ ပြန်လည်တူးဖော်ခြင်းများ၊ သစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းဆောင်များ သန့်ရှင်းစေရေးအတွက် ဌာနဆိုင်ရာများ၊ ခဲမဖြူကျေးရွာ ဒေသခံပြည်သူများ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက် နာရီက ဖားဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာ (--ကခွဲ) ကျောင်းဝန်းအတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ခဲမဖြူကျေးရွာနေ ပြည်သူများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၁၀၀)ဦးခန့်က ခဲမဖြူကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲအတွင်း အမှိုက်များ၊ မြက်ပင်များ၊ ခြုံနွယ်များ၊ သစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်များသယ်ယူခြင်း သတ်မှတ်နေရာတွင် အမှိုက်များစနစ်တကျစွန့်ပစ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နန်းသဲနုအောင်(ဖားဆောင်း)