ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့် ဗုဒ္ဓနေ့၌ (၇၁)ကြိမ် မြောက် ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲကျင်းပ

ပဲခူး မေ ၁၄

ပဲခူးမြို့ ရွှေမော်ဓောတီတော်မြတ်ကြီးရင်ပြင် အင်္ဂါ‌ထောင့်ရှိ မဟာဗောဓိညောင်ပင်တွင် မေလ ၁၄ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့) နံနက်ပိုင်းက (၇၁)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းလှူ ပူဇော်ပွဲ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက် ညောင်ရေသွန်းလောင်း ပူဇော်ခဲ့သည်။

ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်း လောင်း ပူဇော်ပွဲကျင်းပပြုလုပ်ရာတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှူးပြုသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ ဥပဒေချုပ်နှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ယောဂီများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူများက ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လက်ယာရစ်ပတ်၍ ပူဇော်ကြ သည်။

ထို့နောက် မဟာဗောဓိညောင်ပင်၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှူးပြုသော အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ ဥပဒေချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ယောဂီများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူ များက အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာအစရှိသည်တို့ကို ဒုက္ခပတ္တာစ နိဒ္ဒုက္ခာ ဂါထာတော်၊ ကိုယ်စိတ်နှစ်ဝ ချမ်းသာကြစေဂါထာတော်နှင့် ကိုယ်စောင့်နတ်၊ ဗောဓိပင် စောင့်နတ် အစရှိသည်တို့ကို ရွတ်ဆိုမေတ္တာပို့သပြီး မြတ်ဗုဒ္ဓ၏ ပရိဘောဂစေတီတော်ဖြစ်သည့် ရွှေညောင်ပင်နှင့် မြတ်ဗုဒ္ဓအားရည်စူး၍ ညောင်ရေတော်များ သွန်းလောင်းပူဇော်ကြသည်။

ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ ပဲခူးမြို့ရှိ မဟာစေတီတော်မြတ်ကြီး၊ ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး၊ ဗုဒ္ဓဂါယာစေတီတော်မြတ်ကြီး၊ ကျိုက်ပွန်လေးမျက်နှာ စေတီတော်မြတ်ကြီး၊ ဟင်္သာကုန်းစေတီတော် မြတ်ကြီး စသည့် ဘုရား၊ ပုထိုး၊ စေတီတော်များတွင် ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများမှ စည်ကား သိုက်မြိုက်စွာ ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ကြသည့်အပြင် ရပ်ကွက်များ အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနိကအဆောက်အဦဓမ္မာရုံများရှိ ဗဟာဗောဓိ ညောင်ပင်များတွင်လည်း မြတ်ဗုဒ္ဓ၏ ပရိဘောဂစေတီတော်ဖြစ်သည့် ရွှေညောင်ပင်နှင့် မြတ်ဗုဒ္ဓအား ရည်စူး၍ ညောင်ရေတော်များသွန်းလောင်း ပူဇော်ကြခြင်း၊ ဘုရားဖူးလာပြည်သူများကိုလည်း ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် စေတနာရှင်ပြည်သူများက စတုဒီသာကျွေးမွေးလှူဒါန်းပေးကြကြောင်း သတင်းရရှိသည်။

ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)