ရေနံချောင်းမြို့တွင် ရှေးဦးပြုစုခြင်းသင်တန်း ၃/၂၀၂၂ သင်တန်းဆင်းပွဲကျင်းပပြုလုပ်

ရေနံချောင်း မေ ၁၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းရေနံမြေတွင် မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် ဂိုးပက်ထရိုကုမ္ပဏီနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံရှေးဦးပြုစုခြင်း သင်တန်း ၃/၂၀၂၂ သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခြေခံရှေးဦးပြုစုခြင်းသင်တန်း ၃/၂၀၂၂ ကို မေလ ၁၀ ရက်နေ့က စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီ အသင်းတပ်ဖွဲ့ဝင်တို့က အခြေခံရှေးဦးပြုစုခြင်း နည်းများကို  စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြကာ  မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် ဂိုးပက်ထရို ကုမ္ပဏီ တို့မှ ရေနံမြေ ဝန်ထမ်း ၃၅ ဦး ခန့် တက်ရောက်သင်ယူခဲ့ကြကြောင်း သိရသည်။

ငြိမ်းငြိမ်းအိ