မင်းဘူး မေ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ဌာနပေါင်းစုံ သန့်ရှင်းရေးပြုလုပ်ခြင်းကို သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ ဘုရားရင်ပြင်တော်ပေါ်တွင် ယနေ့ နံနက် ၇ နာရီအချိန်က ပြုလုပ်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မင်းဘူး(စကု) မြို့နယ်အတွင်း မြို့အင်္ဂါရပ်နှင့် ညီညွတ်ပြီး သာယာလှပစေရေး အတွက် ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးများ၊ ရပ်ကွက်အတွင်းမှ ရေမြောင်းများနှင့် လမ်းဘေးဝဲယာ အမှိုက်သရိုက်များ မရှိစေရေးတို့အတွက် စနေနေ့တိုင်း ဌာနပေါင်းစုံ စုပေါင်း၍ သန့်ရှင်းရေးပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြုလုပ်ဆောင်ရွက်မှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင် ဒုဗိုလ်မှူး ကြီး တင့်ကျော်၊ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်တို့က ကြီးကြပ် ဆောင်ရွက်လျက်ရှပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်ဖွဲ့ဝင်များ အင်အား ၃၀၀ ကျော်ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)