ထားဝယ် မေ ၁၄
ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ယနေ့တွင် ထားဝယ်မြို့၏ အထင်ကရတစ်ခုဖြစ်သော ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီး၌ ယနေ့ နံနက်ပိုင်းတွင် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဘုရားကြီး ပရဝဏ်အတွင်း ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ စည်ပင် သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိသားစု စည်းရုံးရေး နှင့်စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင် များ၊ အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ ဘုရားကြီးဝင်းအတွင်း ပတ်ဝန်းကျင်လမ်းဘေးဝဲယာရှိ အမှိုက်သရိုက်များ၊ မြက်ပင်များရှင်းလင်းခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်း၊ ဘုရားပန်း/ရေလဲလှယ် ဆောင်ရွက်ပေးခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းပေးခြင်း၊ တံမြက်စည်း လှဲခြင်း၊ ရေဖြင့် သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ အမှိုက်ကားဖြင့် အမှိုက်များကို သယ်ယူစွန့်ပစ် ပေးခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ဘုရားကြီးပရဝဏ်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
ရွှေပင်လယ်(ထားဝယ်)