ငရုတ်ကောင်းမြို့ Clean City, Green City, Smart City ဖြစ်လာစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ငရုတ်ကောင်း မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ Green City, Clean City, Smart City ဖြစ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာများ စု‌ပေါင်း၍ ယနေ့ နံနက် ၈ နာရီအချိန်၌ ဓမ္မိကာရုံလမ်းတစ်‌လျှောက်၊ မြို့မဈေးနှင့် စည်ပင်လမ်းသွယ်တို့ရှိ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် စွန့်ပစ်ထား‌သော ပလတ်စတစ်အိပ်ခွံများ ‌ကောက်ယူဖယ်ရှားခြင်းများ ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဇင်မြတ်မင်းထွဋ် ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပမ္မဝတီရေတပ်စခန်း ဌာနချုပ်မှ တပ်မတော်သားများ ပူးပေါင်းကာ မြို့သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေး၊  အမှိုက်ကင်းစင်ရေးအတွက် စု ပေါင်း အမှိုက်ကောက်ခြင်း၊ ပေါင်းမြက်များ ခုတ်ထွင်ခြင်း ရှင်းလင်းပြီး အမှိုက်များအား စနစ်တကျ စွန့်ပစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြုံးမောင်မောင်(ငရုတ်ကောင်း)