သဲကုန်းမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင် ကွင်းဆင်းကြည့်ရှုစစ်ဆေး

သဲကုန်း မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်သည် သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့် အတူ ယမန်နေ့က သဲကုန်းမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့သည် နွယ်ကောက်ကျေးရွာ GAP စံပြ(၅)ဧက နွေစပါးစိုက်ခင်းနှင့် ရွာထောင်ကုန်းကျေးရွာ နွေနှမ်း စံပြ(၅)ဧက စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုခဲ့သည်။ သဲကုန်းမြို့နယ် သစ်တောဦးစီးဌာနရုံး မြို့မပျိုးဥယျာဉ်တွင် ဒေသတွင်း စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ပေါင်း(၂၅၀၀၀) ဖြန့်ဝေစိုက်ပျိုးရန် ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး ခဲ့သည်။

ဆက်လက်၍ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော အုတ်ဆွဲ-ရင်တိုက်တန်းလမ်း၊ ဘန့်ဘွေးကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေ ဖြင့် ဆောင်ရွက်နေသည့် မြေသားရေကန် (၁၄၀ပေ× ၈၀ပေ  ×၅၀) တိုးချဲ့ပြုခြင်း ဆောင်ရွက်ပြီးစီးမှုနှင့် လင်းလဲကျေးရွာတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီး ရန်ပုံငွေနှင့် ဆောင်ရွက်သည့် လင်းလဲကျေးရွာ အုပ်စု လင်းလဲကျေးလက်ဆည် ရေသွယ်မြောင်းအလျား (၁၉၀၀)ပေ၊ Box Canal အလျား(၉၀၀)ပေနှင့် မြေသားမြောင်းအလျား (၁၀၀၀)ပေ ဆောင်ရွက်ခြင်း လုပ်ငန်းအား သတ်မှတ်စံချိန်စံညွှန်များနှင့် အညီ လုပ်ငန်းခွင်အမြန်ဆုံးပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး