ဂန့်ဂေါ မေ ၁၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်ရှိ မြို့မတောကျောင်းလမ်းနှင့် မြစ်ရှောင်လမ်းမကြီးတို့ကို ဆက်သွယ်ထားသည့်လမ်းအား ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီကွန်ကရစ်တံတား ပြုလုပ်ခြင်းလုပ်ငန်းကို မေလ (၁၁) ရက်နေ့မှစတင် ဆောင်ရွက်လျက်ရှိ သည်။
ကွန်ကရစ်တံတားပြုလုပ်ရာတွင် အကျယ်(၃)ပေ၊ အနက်(၃)ပေ၊ အလျား(၂၀)ပေရှိပြီး ဂန့်ဂေါ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (မီနီဘတ်ဂျတ်) ခွင့်ပြုရန်ပုံငွေကျပ် (၂၀)သိန်းဖြင့် ၂၀၂၂ ခုနှစ်၊ မေလ(၁၁)ရက်နေ့မှ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းပမာဏ၏ (၉၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ၂၀၂၂ ခုနှစ်၊ မေလ(၁၅) ရက်နေ့တွင် လုပ်ငန်းပြီးစီး မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုကို စံချိန်စံညွှန်းပြည့်မီရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ကျော်အောင်နှင့် အဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပြီး တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မျိုးမင်း(ယော)