ရွှေဘို မေ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်လုံးဆိုင်ရာ ကဆုန်ညောင်ရေသွန်းပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်က ရွှေဘိုမြို့ အမှတ် ၁ ရပ်ကွက် မော်ဓောမြင်သာ မြို့ထောင့်စေတီ အရှေ့ဘက်ဓမ္မာရုံအနီးရှိ မဟာဗောဓိညောင်ပင်တွင် ကဆုန်ညောင်ရေသွန်းပွဲတော် အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ရွှေဘိုတပ်နယ်မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် အမျိုးသမီး စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များနှင့် မြို့မိမြို့ဖများ ဒေသခံပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရွှေဘိုမြို့နယ်လုံးဆိုင်ရာ ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပသည်မှာ ယခုနှစ်ဆိုရင် ၁၂၇ ကြိမ် ရှိပြီဖြစ်ပြီး ရွှေဘိုမြို့၏ သမိုင်းဝင် ရွှေတန်ဆာမြတ်စွာ ဘုရားကိန်းဝပ်စံပ္ပယ်ရာ ရွှေတန်ဆာဘုရားမှ မော်ဓောမြင်သာမြို့ထောင့် စေတီတော်သို့ ပင့်ဆောင်ပြီးနောက် အခမ်းအနားကို နမောတသ၃ကြိမ် ရွတ်ဖတ်ပူဇော်၍ အခမ်းအနားက စတင်ပြီး ပင့်ဆောင်လာသည့် ရွှေတန်ဆာမြတ်စွာ ဘုရားအားအနေကဇာတင်ခြင်းပြုလုပ်ကာ ဧည့်ပရိတ်သတ်များ အား ပရိတ်တရားတော်များ ချီးမြှင့်ပြီးနောက် ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်း များဆက်ကပ်လှူဒါန်းပြီး မဟာဗောဓိညောင်ပင်အား ရေစင်သွန်းလောင်းခဲ့ကြောင်း သိရသည်။
ယခုလို ကဆုန်ညောင်ရေသွန်းပွဲတော်ကို ယခင်နှစ်များက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ အခုနှစ်ကျင်းပသည့်အတွက် ဝမ်းမြောက်ပျော်ရွှင်ရကြောင်း ဒေသခံ တစ်ဦးမှ ရင်တွင်းပီတိစကားပြောကြားကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်